Friday, September 26, 2014

ကျောက်မဲမြို့နယ်တွင် TNLA တပ်မတော်နှင့် မြန်မာ့စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ၂၅ ရက် စက်တင်ဘာလ ၂၀၁၄ ခု Update သတင်း

ယမန်နေ့ ၂၅ ရက် ညနေ ၂ နာရီခွဲမှ ၃ နာရီအကြားဖြစ်ပွားသော TNLA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅၂၇)နှင့် (၇၁၇) ပူးပေါင်းတပ်နှင့် တပ်မ (၇၇)တို့ တိုက်ပွဲတွင် မြန်မာ့စစ်တပ်မှ အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ပြင်ဦးလွင် စစ်ဆေးရုံသို့ ပို့ဆောင်ရန်အသွား ကျောက်မဲမြို့အနီးတွင် ကျဆုံးသွားသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်တွင် TNLA တပ်မတော်နှင့် မြန်မာ့စစ်တပ်တို့ တိုက်ပွဲဖြစ်

၂၅ ရက် စက်တင်ဘာလ ၂၀၁၄ ခု

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ ပန်လောကျေးရွာအနီးတွင် TNLA တအန်းတပ်မတော် တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၅၂၇ နှင့် တပ်ရင်း ၇၁၇ ပူးပေါင်းတပ်တို့သည် မြန်မာ့တပ်မတော် တပ်မ ၇၇ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မူဆယ်မြို့အနီးတွင် TNLA တပ်မတော်မှ ဘိန်းရောင်းဝယ်ဖြန့်ချှိနေသူများကို ဖမ်းဆီးအရေးယူ


၂၃ ရက် စက်တင်ဘာလ ၂၀၁၄ ခု

စက်တင်ဘာလ ၁၅ ရက် ညပိုင်း ၉ နာရီကျော်ချိန်တွင် မူဆယ်မြို့နယ်အနီးရှိ နောင်လောင်အုပ်စု၊ နမ့်စန့်ရွာတွင် ဘိန်းရောင်းနေသည့် အသက် (၄၅)နှစ် တရုတ်လူမျိုး ဦးအာဖောက်အား သူနေ့စဉ်ဘိန်းရောင်းနေသည့် နမ့်စန့်ရွာ (ဂိုတောင်)တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သည်။

တရုတ်နယ်စပ်နမ့်ခမ်း တွင် မြန်မာ့တပ်မတော်နှင့် TNLA တပ်မတော်တိုက်ပွဲဖြစ်

၂၁ ရက် စက်တင်ဘာလ ၂၀၁၄ ခုနှစ်

နမ့်ခမ်းမြို့နှင့် ၃ မိုင်ခန့်အကွာအဝေးတွင် TNLA တပ်မတော် တပ်ရင်း (၁၁၂)နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တအာင်းဒေသအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

၆ ရက် စက်တင်ဘာလ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ လွယ်မောက်ကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၁၄း၄၅ နာရီ အချိန်မှ ၁၅း၁၅ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၃၆၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွါး

၆ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာအုပ်စု ပန်ကျရော့ကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၁၄း၀၀ နာရီ အချိန်မှ ၁၄း၂၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၈၈၅) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့နှစ်ဘက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်

မူးယစ်ဆေးဝါး ပပျောက်ရေး ပညာပေး ကွင်းဆင်းဟောပြောနေသော တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွါး

၎ ရက် စက်တင်ဘာလ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ မန်မူကျေးရွာနှင့် နောင်ဆိုင်းကျေးရွာကြားတွင် ယနေ့ စက်တင်ဘာလ ၄ ရက် ညနေ ၁၄း၀၀ နာရီမှ ၁၄း၄၅ နာရီ အချိန်အထိ တအာင်းတပ်မတော် တပ်မဟာ(၁) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၁၀၁) နှင့် မြန်မာ့တပ်မတော် ခလရ (၄၅) တို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့သည်။